You need to Login to Post Something
Create Your Own Post
See more
ကဲ.....ပုဂံ
မိသားစုလိုက်ပုဂံကို
ဘုရားဖူးထွက်ကြတယ်။၇ညအိပ်၈ရက်လောက်ကြာမှာဆိုတော့ ဘုန်းကြီးကျောင်းပဲ
တည်းတယ်။ရွှေစည်းခုံ ဘုရား အနောက်ဘက်စောင်းတန်း တည့်တည့်က
နတ်ထောင့်ကျောင်းဆိုတဲ့ ဘုန်းကြီးကျောင်း ဟောခန်းလို
လူနေဆောင်တစ်ဆောင် ပေးတယ်။ဘုရားဖူးတာနည်းနည်း
ဖဲရိုက်တာများများပေါ့နော် ကိုယ့်မိသားစုနဲ့အသိတွေချည်းပဲဆိုတော့
အဖေကတော့ ဝါသနာမပါဘူး ။ မနက်ပိုင်း ဘုရားတွေလိုက်ဖူးပြီးရင်
ဘုန်းကြီးကျောင်းထဲပဲ နေကြတာများတယ်။အဖေပဲ ဘုန်းကြီးကျောင်းရှေ့ က
ထမင်းဆိုင်လေးမှာထွက်ထိုင်တယ်။ အဖေ့ရဲအသည်းကြော်ပဲလှော် ကိုယ်ကတော့
အဖေ့နောက်ပဲလိုက်တယ်။ ကဲ ဇာတ်လမ်း စပြီ........ ၅ရက်မြောက်နေ့မှာ
အဖေက လမ်းထောင့်ချိုးက
လက်ဖက်ရည်ဆိုင်သွားထိုင်ကြမယ်တဲ့။ထမင်းစားသောက်ပြီး ည၈နာရီ
ဘုန်းကြီးကျောင်းကအထွက် လမ်းအချိုးတိုင်းသွားရင် ပိုဝေးလို
ထမင်းဆိုင်လေးရဲ့အနောက် စောင်းတန်းကိုဖြတ်သွားရင်ပိုနီးတာမို
ဖြတ်လမ်းကပဲသွားလိုက်တယ်။ အသွားတုန်းက စောင်းတန်းကအဆင်း
နည်းနည်းလျှောက်ပြီးတော့ ထုံးစေတီလေးတစ်ဆူတွေ့တယ်။ ဉာဏ်တော်က ၁၀လောက်
ပဲရှိမယ်။ ထူးဆန်းတာက စေတီလေးရဲ့အထဲမှာ
ဘုရားဆင်းတုတော်တစ်ဆူရှိပြီးတော့ အဲ့ဆင်းတုတော်ကို သံကြိုးတွေနဲ့
သိုင်းထားတယ် အပြင်ကနေ သံဇကာလိုမျိုးတစ်ခုနဲ့ ပိတ်ထားတယ် သံဇကာက
လူလက်တစ်နှိက်စာလည်းမရှိဘူး အထဲကဆင်းတုတော်ကိုလည်း မြင်နိုင်တယ်။
'အဖေ အထဲက ဘုရားကို ဘာလို သံကြိုးနဲ့သိုင်းထားတာလဲမသိဘူးနော်'ဆိုတော့
အဖေ့ဆီက ဘာအဖြေမှမရပါဘူး (ကျေးဇူး) သားဖ နှစ်ယောက်
လက်ဖက်ရည်ဆိုင်ရောက်တယ် ခဏပဲနေပြီး ပြန်လာတာ။
လာလမ်းအတိုင်းပဲပြန်လာတော့ အဲ့စေတီအရှေ့ရောက်ေရာ အထဲက
ဘုရားဆင်းတုမှာ ဆီမီးတွေပူဇော်ထားတာတော့ ။
ပြီးတော့မွှေးကြိုင်နေတာပဲ။ အဖေက ကိုယ့်လက်ကိုဆွဲပြီးသွက်သွက်
လျှောက်တာပေါ့နော်။အဲ့ချိန် စိတ်ထဲမှာ အနောက် မှာ
လူတွေအများကြီးရှိနေသလိုခံစားရတာ။ စောင်းတန်းပေါ်ရောက်ရော
စောင်းတန်းမှာက မီးအလင်းရောင်နည်းနည်းရှိတယ်။(အဲ့လိုဖြစ်လာခဲ့ရင်
လုံးဝနောက်လှည့်မကြည့်နဲ့ ) သားဖနှစ်ယောက်လုံးကတော့ မီးအလင်းရောင်
နားရောက်တာနဲ့ နောက်ကို တည့်တည့်ကို လှည့်ကြည့်မိတာပဲ။ အဲ့မှာ
ကွာ....ထုံးစေတီ ဘေးနားမှာ ယောကျာ်း၂ယောက် မညီမညာနဲ့ကို ခြေတွေလက်တွေ
အပြီပြင်ချိုးပြီး ကနေတာ။ ကနေကြတာများ ပြိုင်ပွဲဝင်နေသလားထင်ရတယ်။
အပေါ်အကျီ မပါဘူး ပုဆိုး ကတောင်းကျိုက်နဲ့ ခေါင်းမှာ
အချွန်အတက်တွေနဲ့တစ်ခုခုစောင်းထားကြတယ်။ မျက်နှာကတော့
စေတီဘက်ကိုပဲမူထားကြတယ်။ ဘေးနားမှာလဲ မဲမဲ တွေ အများကြီးပဲ။
မြူခိုးလိုမျိုးတွေ။ စဉ်းစားကြည့်ကြလေနော်
မီးအလင်းရောင်နည်းနေတဲ့နေရာကနေ လှမ်းမြင်ရတဲ့မြင်ကွင်းက
အမှောင်ထုကြားထဲက စေတီတစ်ဆူမှာ အကျီမပါတဲ့ ယောက်ကျား ၂ယောက်က
ခြေတွေလက်တွေ ကွေးနေအောင် ချိုးပြီး မညီမညာကနေတာ ကြီးက အဖေကတော့
ကိုယ့်ကို ချီပြီး ထမင်းဆိုင်ကို ပြေးတာပဲ။ထမင်းဆိုင်က ဦးလေးကြီးကလဲ
သားဖနှစ်ယောက် ဖြစ်ပျက်လာပုံကြည့်ပြီး ဘာမှမမေးတော့ဘူး။မေးလည်း
မဖြေနိုင်ဘူး။ဦးလေးကြီးကပဲ ဘုန်းကြီးကျောင်းထဲ လိုက်ပို
ဆရာတော်ကြီးဆီပါ တစ်ခါထဲခေါ်သွားပေးတာ
သားဖနှစ်ယောက်လုံးကို။ဆရာတော်ကြီးကတော့ ရေမန်းတွေဘာတွေ
ပေး။အမျှတွေဘာတွေပေး ရွတ်ဖတ်ပေးပေါ့နော်။ (အဖေကချီပြေးတယ်ဆိုတော့
အဲ့တုန်းက ကလေးထင်နေမှာစိုးလို ၉တန်းဖြေပြီးစ ဖြစ်နေပြီ)
ထုံစံအတိုင်း အဖေ ပဲ အထောင်းခံရတာပေါ့နော်။ညဖက်ကြီး
သမီးခေါ်ပြီးလျှောက်သွားတယ်ဘာညာပေါ့။သားဖနှစ်ယောက်လုံး
နောက်နေ့ဖျားတာပဲ။ချက်ချင်းပဲပြန်ချလာကြတာ။ သူတိုဘာသာနေတာကို
ကိုယ်တွေသားအဖက မြင်ခဲ့ရတာပေါ့။ခြောက်ချင်ရင်တော့ အရှေ့ဖြတ်လာထဲ
ခြောက်မှာသေချာတယ်။
See more
အဖွားငယ်ငယ်ကကြုံခဲ့ရတာလေးပြောပြချင်လိုပါ အဖွားအသက်၁၅နှစ်လောက်တုန်းကအဖွားကပဲပြုတ်လိုက်ရောင်းတာပေါ့ တနေ့ကျမနက်လေးနာရီလောက်အဖွားက ခြံအကျယ်ကြီးတွေပဲရှိတဲ့ဘက်ကိုသွားရောင်းဖိုလုပ်တော့ အဲ့ထိပ်ကအစောင့်ဦးလေးကြီးက သမီးနင်လမ်းထောင့်ချိုးပြီးရင်ရောက်တဲ့အိမ်ကိုမဝင်နဲ့အဲ့မှာပဲရှိသေးတယ်အဖွားက စိတ်မြန်လက်မြန်သမားဆိုတော့ ဟုတ်ဟုတ်ပဲပြောပြီးစကားဆုံးအောင်နားမထောင်လိုက်ဘူးပေါ့ အဖွားလဲစောနကအဖိုးပြောတဲ့အိမ်ရှေ့လဲအရောက် ခြံထဲကမိန်းမခေါ်သံကြားတာပေါ့ ဒါနဲ့သူလဲ ေဖာက်သည်ရပြီဆိုပြီး ခြံထဲဝင်သွားတော့ အမျိုးသမီးတယောက်ထွက်လာတယ် တော်တော်လှတယ်လိုပြောတယ် ပဲပြုတ်တစ်ကျပ်ဖိုးဆိုတော့အဖွားကခြံထဲနားလေးမှာဗန်းချပြီး စောင့်နေတာပေါ့ သူကတော့မှာပြီးပန်းကန်သွားယူမလိုခနဆိုပြီးဝင်သွားတာ ၁၅မိနစ်လဲမလား နာရီဝက်လဲမလာတော့ အဖွားလဲ အိမ်ပေါက်ဝနားသွားပြီးအော်ခေါ်တာပေါ့ နောက်လဲကျအိမ်ထဲကပြန်ထွက်လာတဲ့ပုံက ဆံပင်ရှည်ကြီးကိုမျက်နှာရှေ့ချထားပြီး ဖင်တရွတ်ဆွဲ ထမီကြီးကိုလဲလက်တဖက်က ကိုင်ထားပြီး ငြီးသံကြီးနဲ့ထွက်လာတာတဲ့ အဖွားဆိုအစကမေ့ပြီးရပ်နေတာ တဖြေးဖြေးသူ့နားရောက်လာတော့မှပြေးဖိုသတိရပြီးပြန်ပြေးတာတဲ့ လမ်းထိပ်နားရောက်တော့ကံကောင်းပြ်ီးစောနကအဖိုးနဲ့တွေ့တော့ စောနကအဖိုးကမနက်ဆယ်နာရီလောက်ကျ သူ့သားနှစ်ယောက်ကိုအဲ့ဗန်းတွေကိုသွားယူခိုင်းရတယ်တဲ့ အဲ့အဖိုးကပြန်ပြောပြတာတော့ တမိသားစုလုံးအthetခံရတယ် ပိုက်ဆံအရမ်းရှိတော့စိတ်ဆွဲပြီးမကျွတ်တာတဲ့ညဆိုတမိသားစုလုံးခြောက်တာတဲ့
See more
ကျွန်မငယ်ငယ်က အဖေတိုပြောပြဖူးတာလေး
ပြောပြချင်လိုပါ...သိပ်တော့မမှတ်မိတော့ဘူး
အဖေ့အသ်28/29လောက်ကပေါ့း
အဖေတိုက မကွေး နယ်ဘက်က ဟ်ုးတောကျတဲ့ဘက် ချင်းပါးမဲမျိုးရိုးပါး
စီးပွားရေးအလုပ်က ငါးရှာ ပန်းတက် အမဲလိုက်ပေါ့း
တစ်ရက်တော့ အဖေရယ် အဖေညီရယ် တခြားသူငယ်ချင်းတစ်ယောက်ရယ် 3ယောက်ဟာ
တောင်ပေါ်အမဲလိုက်သွားရင် အသားရလို ချက်စားကြပီး ခနကြာတော့. အဖေတိုလဲ
ရွာကိုပြန်ခဲ့ကြတော့ အဖေ့ညီက ပါမလာဘူး ညနေထိပါ ပေါ်မလာလို
ရွာထဲကလူကြီးေခါ် တောင်ခြေမှာငှက်ပျောပွဲတွေပေးနဲ့
နတ်တွေတိုင်တည်တော့မှ နောက်နေ့ မနက် ရွာကို သူ့ဟာသူ ရောက်လာတယ်တဲ့
အဖေတိုက ဘာတွေဖြစ်ပြီးဘယ်တွေသွားနေတာလဲ ဆိုတော့ အဖေ့ညီက
"ငါရက်တွေအများကြီးကျော်ဖြတ်ခဲ့ရတာ .ဗိုက်ဆာရင်
စားစရာအသီးတွေတွေ့တယ် အိပ်ချင်ရင် ဂူကိုတွေ့တယ် မနက်မိုးလင်းရင်
မဆုံးတဲ့လမ်းခရီး ဆက်လျောက်နေရတာ နောက်တော့မှမျက်နှာမှာ
ဆေးမှင်ကြောင်တွေထိုးထားတဲ့ရှမ်းအဘွားကြီးနဲ့တွေ့ပီး
လမ်းညွှန်လိုက်လို ရွာပြန်ရောက်လာတာ.."တဲ့ သူ ရောက်သွားတဲ့အဘွားကြီး
နေရာနဲ့အမဲလိုက်တဲ့နေရာနဲ့ကတောင်တွေတော်တော်လေး ခြားတယ် လို
အဖေကတော့ပြောတာပဲ . အသားချက်စားရင် နတ်မတင်မိတာလား
ချက်စားတဲ့နေရာမှားတာလားတော့ မပြောတတ်တော့ဘူး
See more
ဖြစ်ရပ်မှန် တစ်ခုပါ
လွန်ခဲ့တဲ့ ၁၅နှစ်လောက် ၂၀၀၉ ခုနှစ်လောက်တုန်းကပေါ့ ကျွန်တော်
ဘွဲ့ရပြီးချင်းချင်း မလေးရှားကိုရောက်သွားတယ် အလုပ်ကတော့ Indian
Resturant တစ်ခုမှာ Waiter အနေနဲ့ အလုပ်လုပ်ခဲ့တယ်
စားသောက်ဆိုင်မှာဆိုတော့ လူပေါင်းစုံနဲ့ ဆုံခဲ့ရတာပေါ့ အဲမှာ
အလုပ်သမားတွေထဲမှာလည်း အများစုက India လူမျိုးတွေ ပြီးရင် အင်ဒို
ဆာဘား လူနည်းစုကတော့ ကျွန်တော်တို့ မြန်မာလူမျိုးပါပဲ အဲဒီအထဲမှာ
အင်ဒိုက လာလုပ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ် ကျွန်တော်တို့ကတော့ သူ့ကို
ဒေါဒေါ်လို့ခေါ်ကြတယ် ကျွန်တော့်အလုပ်ချိန်က မနက် 7:00AM to ည7:00PM
ဒေါဒေါ်ရဲ့ အလုပ်ချိန်က နေ့လည် 2:30PM to မနက် 2:30AM သူလည်း waiter
ပဲ သူနဲ့ ကျွန်တော်နဲ့က နေ့လည်သူဆင်းလာတဲ့ အချိန်ဆို ဆုံကြတာပေါ့ သူက
သဘောကောင်းတယ် Nice ဖြစ်တယ် ကျွန်တော်နဲ့လည်း စလိုက် နောက်လိုက်နဲ့
အရမ်းခင်ကြပါတယ် တစ်ရက်မှာ သူ အလုပ်ဆင်းလာတယ် မျက်နှာလုံးဝမကောင်းဘူး
တစ်ခုခုကို အရမ်း ဝမ်းနည်းကြေကွဲနေတဲ့ပုံစံကြီးဖြစ်နေတော့ ကျွန်တော်က
မေးကြည့်တယ် ဘာဖြစ်လည်းပေါ့ သူက ပြောပြတယ် အင်ဒိုမှာ
သူ့ရဲ့အရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့ အဲဒီ
သူ့သူငယ်ချင်းက ကား accident ဖြစ်ပြီး ဆုံးသွားတယ်တဲ့
သူအရမ်းဖြေမရအောင် ဝမ်းနည်းကြေကွဲနေရတယ်တဲ့ ကျွန်တော်လည်း မလေးစကား
တတ်သလောက်လေးနဲ့ တရားချပြီး ဖြေသိမ့်ပေးလိုက်ပါတယ်
ကျွန်တော်တွေ့နေတာက သူ အဲဒီနေ့ တချိန်လုံး အဆင်ပြေမနေဘူး
စိတ်နဲ့လူနဲ့မကပ်ဘူး အလုပ်လုပ်တာတွေ အလွဲ အော်ဒါကောက်တာတွေအမှား
Customers တွေက သူ့ကို စိတ်ဆိုး မန်နေဂျာက ငေါက်နဲ့ သူ့ခဗျာ တော်တော်
အဆင်မပြေဖြစ်နေတယ် ည 7:00PM ရောက်တော့ ကျွန်တော် အလုပ်ချိန်က ပြီးပြီ
အလုပ်ပြန်ခါနီးမှာ သူ့ကို ကျွန်တော် မှာခဲ့သေးတယ် ဝမ်းနည်းနေပေမယ့်
အလုပ်ကို ဂရုစိုက်ဖို့ ပြောခဲ့တယ် ပြီးတော့ ကျွန်တော် အပေါ်ထပ်ကို
တက်လာခဲ့တယ် အပေါ်ထပ်ဆိုလို့ ပြောရဦးမယ် ကျွန်တော်တို့အလုပ်က
အဝေးကြီးသွားစရာ မလိုဘူး အလုပ်ဆင်းဖို့ကို စားသောက်ဆိုင်က
အောက်မှာဖွင့်တယ် အလုပ်သမားတွေကတော့ အပေါ်ထပ်မှာနေတဲ့
နှစ်ထပ်တိုက်ကြီးပေါ့ အဲတော့ ကျွန်တော်လည်း အပေါ်တက်ပြီး
ရေလေးဘာလေးချိုးပြီး ခဏထိုင် ကွမ်းယာစားဖို့ ယာနေတုန်းပဲ ရှိသေးတယ်
အောက်ထပ်ဆိုင်အောက်က ဝုန်းဒိုင်းကြဲပြီး ဆူညံတဲ့ အသံတွေ ကြားလိုက်တယ်
ကျွန်တော့်စိတ်ထဲမှာ အလုပ်သမားအချင်းချင်း ဖြစ်ကြတယ် ထင်လိုက်ပီး
ဘာဖြစ်ကြတာလည်း ဆိုတာ စူးစမ်းချင်စိတ်နဲ့ အောက်ကို ဆင်းမလို့
လှေကားနားရောက်တဲ့အချိန်မှာပဲ ကျွန်တော်တွေ့လိုက်တာက ဒေါဒေါ်
ညကိုးနာရီလောက်ပဲရှိအုံးမယ်ထင်တယ် ကျွန်တော်တွေ့လိုက်တဲ့ ဒေါဒေါ်
ပုံစံက ကျွန်တော့် မျက်စိထဲ ခုထိမထွက်နိုင်သေးဘူး သူက
မျောက်တစ်ကောင်လို လေးဘက်ထောက်ပြီး မျက်လုံးကြီးကလည်း နီရဲရဲ
ပါးစပ်ကလည်း မျောက်လို တခွီးခွီးနဲ့ အောက်ပြီး အောက်လှေကားကနေ
ကျွန်တော်တို့နေတဲ့ အပေါ်ထပ်ကို ခုန်ပြီး မျောက်တစ်ကောင်လို တက်လာတယ်
သူ့နောက်မှာက အိန္ဒိယ အလုပ်သမားတွေနဲ့ မန်နေဂျာက လိုက်လာကြတယ်
ဒေါဒေါ် လှေကားပေါ်ကို ခုန်တက်လာတော့ ဘာမှန်းမသိဘဲနဲ့ ကျွန်တော်
အိပ်ခန်းဘက်ကို ပြန်ပြေးလိုက်တယ် ဒေါဒေါ်က ကျွန်တော် ပြေးသွားတဲ့
အိပ်ခန်းဘက်ကို လိုက်မလာဘဲဝရံတာလူကြီးလည်ပင်းလောက်မြင့်တဲ့ အမြင့်ကိူ
မျောက်တစ်ကောင်လိုပဲ သာသာယာယာ ခုန်ထွက်သွားတယ် ပြီးရင်
အိမ်ခေါင်မိုးအပေါ်မှာ မီးခိုးတိုင် ထောင်ထားတာ ရှိတယ်
အဲဒီမီးခိုးတိုင်ပေါ်ကို မျောက်တစ်ကောင်လိုပဲ တွယ်တက်သွားတယ်
အိန္ဒိယတွေက အော်ပြောနေကြတယ် ဟေ့ကောင်ပြန်ဆင်း ပြန်ဆင်းဆိုပြီး
အော်ပြောနေကြတယ် ဒေါဒေါ်လည်း အဲဒီမီးခိုးတိုင်ပေါ်က လျှောချပြီး
ပြန်အဆင်း အိန္ဒိယ နှစ်ယောက်က အိမ်အမိုးပေါ်တက်ပြီး
သူ့ကိုချုပ်ပြီးခေါ်လာခဲါတယါ် ပြောချင်တာက အဲမှာ အိန္ဒိယတွေက
အားရှိတဲ့ ဗလတောင့်တောင့်တဲ့ကောင်တွေ ဒေါဒေါ်က သေးသေးသွယ်သွယ်
ပိန်ပိန်လေး ဒေါဒေါ်ရုန်းချက်က အားကောင်းပါတယ်ဆိုတဲ့
အိန္ဒိယသုံးယောက်လောက်ချုပ်တာ မနိုင်ဘူးဖြစ်နေတယ် ကျွန်တော်လုည်း
မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဘာလုပ်လို့ ဘာကိုင်ပေးရမယ်မှန်းမသိ
ဖြစ်နေတဲ့ အနေအထားရောက်သွားတယ်
See more
ကိုယ့်အဖေဆိုခဏခဏကြုံရတာ ရထားထိန်းဆိုတော့ ကုန်တင်တွဲနဲ့ကပ်လျက်ပဲ
အာ့မှာ လူနာတင်လှဲကြီးပါတုန်းက လှဲပေါ်မှာညဘက်ကြီး လူတစ်ယောက်
ငုတ်တုတ်ထိုင်နေတာ ခေါင်းအပြည့်မပါဘူးတဲ့ 🥴 တစ်ယောက်ထဲ တာ၀န်ကျတော့
စဉ်းစားသာကြည့် 🥲 အဖေတို့က မြင်နေကျမို့လို့ အေးဆေးဖြစ်နေကော
ကိုယ်သာဆို လိပ်ပြာပါလွင့်မလားမသိ 😢
ရန်ကုန်ဘူတာကြီးအကြောင်း
ကောင်လေးတယောက်ကိုယ့်ဘေးကနေဖြတ်ပီး ရထားပေါ်က ၃ခါလောက်ဆင်းဆင်းသွားတာ
ရထားခနရပ်တယ်ထင်နေတာ ရထားသွားနေတုန်းကြီးလဲ ကိုယ့်ဘေးကနေဖြတ်ပီး
ရထားပေါ်ကဆင်းသွားမှ သရဲခြောက်မှန်းသိတာ ၃ခါလုံးနောက်ကျောပဲ
မြင်လိုက်ရတယ် 😌😌😌
၁. ရထားလမ်းလွဲနေရာက uniformနဲ့ အရာ
၂. တံခါးအဝင်ဝနားက စကားထိုင်ပြောနေကြတဲ့ကြက်ဥသယ်သားအမိ
၃. ထိုင်ခုံမျက်နှာချင်ဆိုင် အိမ်သာထထတက်တဲ့လူကြီး
၄.ဘူတာမှာစျေးရောင်းနေတဲ့မိန်းမတစ်ဦး
၅.ပိုက်ဆံလာလာတောင်း မုန်းလုတောင်းတတ်တဲ့ကလေးလေးတွေ
၆. အလွန်ဆိုးတဲ့အနံ့ကြီးနဲ့ ကိုယ်တစ်ခြမ်းမျက်နှာတစ်ခြမ်းနဲ့လူ
၇.စကားတွေပြော ရယ်မောနေပေမယ့် လုံးဝပြားခြပ်နေတဲ့လူတစ်ဦး
၈. သွေးရောင်ဝတ်စုံတဲ့ ခုန်ခုန်ချချသွားတဲ့ မိန်းကလေး
၉. ရထားရပ်ချိန် အော်အော်လာတဲ့အသံနက်ကြီး
ကျန်တာတော့ နောက်မှ အသေးစိပ်စာစီပြီးတင်ပေးမယ်ဗျ
See more
❝ #တစ္ဆေကြီးလတရုတ်အယူအဆများ ❞
တနေ့က ညဖက်ကြီးဒီလိုအချိန် ရုံးခန်းသွားတာ မြေကြီးပေါ်မှာ
အစားအစာတွေနဲ့ကန်တော့ပြီး ရွှေစက္ကူတွေမီးရှို့နေတဲ့သူတွေ
တွေ့ခဲ့တယ်။ တရုတ်အမွှေးတိုင်နံ့ရော စက္ကူမီးရှို့တဲ့အနံ့ရော
မွှန်နေတာပဲ။ လမ်းဘေးကပူဇော်ထားတာတွေကို
မနင်းမိအောင်သတိထားပြီးသွားရတယ်။ သတိထားဆို
သူတို့မှာအယူတွေရှိတာကိုး။ ယုံတာမယုံတာအပထား။ သူတို့အယူအဆကို သိတော့
#သူတို့မကြိုက်တာကို ရှောင်လို့ရတာပေါ့။ သရဲမကြိုက်တာထား၊
အသိမိတ်ဆွေတွေ မကြိုက်တာကို သတိပြုသင့်တယ်။ တရုတ်တစ္ဆေကြီးပွဲတော်
Hungry Ghost month က လာမယ့် ဩဂုတ်လ ၃၀ နေ့ကျမယ်။ ဒီတရုတ်လို ၇
လပိုင်း (အထူးသဖြင့် ဩဂုတ်လ ၃၀ ရက်နေ့) မှာ ငရဲပြည်တံခါးပွင့်သတဲ့။
အဲ့ဒီတော့ ဆာလောင်နေတဲ့ သရဲတစ္ဆေနာနာဘာဝတွေဟာ
ဟိုနားဒီနားလမ်းသလားကြသတဲ့။ ဒါ့ကြောင့် တရုတ်တွေက အောက်ပါအချက်တွေကို
ဒီလထဲမှာရှောင်ကြတယ်။ (၁) လမ်းဘေးမှာ ပူဇော်ပသထားတဲ့အစားအသောက်၊
ဖယောင်းတိုင်၊ အမွှေးတိုင်၊ ငွေစက္ကူစတာတွေကို မနင်းမိအောင်
ရှောင်တဲ့။ သူတို့စားသောက်၊ ကောက်ယူနေတုန်းတက်နင်းမိရင်
စိတ်ဆိုးလိမ့်မယ်တဲ့။ ကျနော်တို့အသိတစ်ယောက်ဆို မြန်မာပြည်ကရောက်ခါစက
မသိလို့ကောက်လာတာ၊ နောက်မှလန့်ဖြန့်ပြီး ပြန်သွားထားရဖူးတယ်။
ကျနော်တို့ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတစ်ယောက်ဆို
ညဘက်ကြီးအဲ့ဒီလမ်းဘေးကပူဇော်ထားတာတွေကို တက်နင်းမိလို့
သရဲကညဘက်အိပ်မက်ထဲမှာ လာသတိပေးဖူးသတဲ့။
(၂) အဲ့ဒီလမှာ အိမ်ထဲဝင်လာတဲ့ ပိုးကောင်တွေ၊ လိပ်ပြာ၊ ပိုးဖလံ၊
ဒါးခုတ်ကောင်စတာတွေကို မသတ်ကောင်းဘူးတဲ့။ အဲ့ဒါရှေးဘဝကတော်စပ်ခဲ့တဲ့
အဖိုးအဖွားစတဲ့သူတွေ အိမ်လည်လာတာဖြစ်နိုင်လို့တဲ့။ 🥶 ဒါကြောင့်
သူများအိမ်သွားလို့ ပိုးကောင်ဝင်လာတာတွေ့ရင် စေတနာမပိုမိစေနဲ့။
(၃) အိမ်/ရုံးစတာတွေ မပြောင်းရွှေ့ကောင်းဘူးတဲ့။ အဲ့ဒီဒီလထဲမှာ
အိမ်ပြောင်းရုံးပြောင်းတာလုပ်ရင် တစ္ဆေသရဲတွေက
အိမ်ထောင်ပရိဘောဂတွေမှာ ကပ်ပါလာပြီး
ကမောက်ကမအနှောင့်အယှက်ပေးတတ်လို့တဲ့။
(၄) စင်ကာပူမှာ ဒီလထဲမှာ တရုတ်ပြဇာတ်တွေ
စတိတ်ရှိုးတွေလုပ်တာတွေ့ရလိမ့်မယ်။
ကျနော်တို့အိမ်နားကမြက်ခင်းပြင်မှာ တစ္ဆေပူးတဲ့ပွဲလုပ်ခဲ့ဖူးတယ်။
တခါကမမြင်ဖူးလို့ဝင်ကြည့်တာ လူခေါင်းပြတ်ပုံတူလေးတွေကို
လှံဖျားထိပ်မှာစိုက်ထားတာကို တွေ့ရလို့ မသတီပဲပြန်ထွက်လာရတယ်။
အဲ့ဒီစတိတ်ရှိုးပွဲတွေမှာ ရှေ့ဆုံးတန်း VIP တန်းကို
နေရာလွတ်ခုံတွေချထားတာ တွေ့ရလိမ့်မယ်။ ဝင်မထိုင်မိစေနဲ့။
အဲ့ဒါတစ္ဆေသရဲတွေအတွက် VIP နေရာပေးထားတာ။ သွားထိုင်မိရင်
သူတို့စိတ်ဆိုးလိမ့်မယ်တဲ့။
(၅) ဟိုတုန်းကဆို ကလေးနဲ့ကိုယ်ဝန်သည်တွေ
ညဘက်ညဉ့်နက်ချိန်အပြင်မထွက်ကြဘူးတဲ့။
ကိုယ်ဝန်သည်ရဲ့သန္ဓေသားထဲဝင်စားမှာစိုးလို့ရယ်၊ ကလေးတွေကိုယ်ပေါ်မှာ
ကပ်ပါလာမှာစိုးလို့တဲ့။
(၆) ဒီလထဲမှာ မြစ်ချောင်းအင်းအိုင်ထဲ ရေဆင်းကူးတာ
လူကြီးတွေမကြိုက်ကြဘူး။ တစ္ဆေသရဲ အစောင့်ဘာညာတွေရဲ့ လူစားလဲတာ
ခံရတတ်လို့တဲ့။
(၇) ညအိပ်ဖိနပ်ကို လူအိပ်တဲ့အိပ်ရာဖက်လှည့်မထားရဘူးတဲ့။
ရှေးတရုတ်အယူအရ ဖိနပ်ဟာမကောင်းဆိုးဝါးဝိညာဉ်တွေအတွက်
လမ်းပြအိမ်မြှောင်တဲ့။ 🤯 အဲ့ဒါကိုယ်အိပ်တဲ့အိပ်ရာဘက်ကို
ဖိနပ်ဦးလှည့်ချွတ်ထားရင် သရဲလမ်းပြဖြစ်တတ်သတဲ့။
(၈) အထူးသဖြင့် အစားအသောက်ပန်းကန်ထဲကို မိမိမစားတဲ့အချိန်မှာ
တူတို့ဇွန်းတို့ မစိုက်ထားရဘူးတဲ့။ အဲ့ဒါသရဲတွေကို
လာစားဖို့ပြင်ပေးတာ၊ ဖိတ်ခေါ်တာနဲ့တူလို့တဲ့။
(၉) ညဘက်မှာ တစ်ယောက်ယောက်ကမိမိနာမည်ကို နောက်ဘက်ကခေါ်ရင်
လှည့်မကြည့်ရဘူးတဲ့။ ပြီးတော့ သူများကို ညဘက်ကြီးနောက်ဖက်ကနေ
ပခုံးပုတ်တာ၊ ကလေးတွေကို ညဘက်ကြီးနာမည်ခေါ်တာ မလုပ်ရဘူးတဲ့။
တရုတ်အယူအရ ခေါင်းနဲ့ ပခုံးတစ်ဖက်တစ်ချက်ဆီပေါ်မှာ သရဲရန်ကကာကွယ်တဲ့
မမြင်ရတဲ့ Aura သို့မဟုတ် မီးတောက်ရှိတယ်။ အဲ့တာနောက်ကနေ
တစ်ယောက်ယောက်ကလက်နဲ့ပုတ်လိုက်ရင် အကာအကွယ်မီးတောက်ငြိမ်းတတ်သတဲ့။
ဒါကြောင့် ဒီလထဲမှာ သူများပခုံးသွားဖက်မယ်ဆိုသတိထားပါ။
သူများနာမည်ကို နောက်ကနေခေါ်တာ ဂရုပြုပါ။ တချို့တွေက မကြိုက်တတ်ဘူး။
ကြုံလို့ပြောရအုန်းမယ်။ ဒီလထဲမှာ အချင်းချင်း ဝက်အူလှည့်နဲ့ချိန်တာ၊
ဓားနဲ့ရွယ်တာ လုံးဝမလုပ်ကောင်းဘူးတဲ့။
(၁၀) ညဘက် အိမ်အပြင်ဖက်မှာ အင်္ကျီမလှန်းရဘူးတဲ့။ အဲ့လိုလှမ်းထားရင်
တစ္ဆေသရဲကလာပြီး ငှားဝတ်တတ်သတဲ့။
(၁၁) ညဘက်မှာ အိမ်အပြင်ဘက်က/လမ်းကြားထဲက အုတ်နံရံကိုမမှီရဘူးတဲ့။
အုတ်နံရံတွေဟာ ညဘက်မှာအေးတာမို့ တစ္ဆေသရဲတွေက
ကပ်ရပ်ပြီးစကားပြောနေတဲ့ နေရာဖြစ်တတ်သတဲ့။
(၁၂) ညဘက်ကြီး ဒီလထဲမှာသရဲအကြောင်း အတင်းမအုပ်ရဘူးတဲ့။
အဲ့လိုသူတို့အကြောင်းပြောလို့ သူတို့ထွက်တဲ့အချိန်နဲ့ဆုံလို့
သူတို့အကြောင်းပြောနေတာ၊ အတင်းအုပ်နေတာ သိသွားရင် မကြိုက်ဘူးတဲ့။
ပြောသာပြောရတာ ကိုယ်တောင် ညဘက်ကြီးသူတို့အကြောင်းပြောမိပြီ။ 🫢
See more
ငါ ဘာလို့ သရဲ မကြောက်တာလဲဆိုရင်🤭
ညဖက် သရဲကြောက်လို့ကြောင်တွေခေါ်ထားတာ😱
?
အမေ - ဒီအိမ်မှာနေရင် ဒီအိမ်အလုပ်လုပ်ရမယ် အိမ်ကသရဲ -
online